
ဖောက်သည်အသစ်တွေ တိုးလာဖို့ အတူတူ ပုံဖော်ကြပါစို့
လူကြီးမင်းတို့ သေချာပျိုးထောင်ထားတဲ့ မြန်မာစားသောက်ဆိုင်လုပ်ငန်းကို ဒီထက်မက ပိုပြီး ကျယ်ပြန့်လာအောင် ပံ့ပိုးပေးမယ့် အကောင်းဆုံးပါတနာ။
ဆိုင်ရှင်တို့ရဲ့ စီးပွားရေးကို အတူတူ အရှိန်မြှင့်တင်ပေးမယ့် MyTogether
လူကြီးမင်းတို့နေ့ရက်တိုင်းမှာ အားစိုက်ထုတ်ခဲ့ရတဲ့ ဖန်တီးမှုတွေနဲ့ စေတနာတွေကို အမှန်တကယ် တန်ဖိုးထား နားလည်ပေးမယ့်သူတွေဆီ အထိရောက်ဆုံး အရောက်လှမ်းနိုင်ဖို့ MyTogether Team က အနားမှာ အမြဲရှိနေပါရစေ ...
လူကြီးမင်းတို့ရဲ့ အားစိုက်ထုတ်မှုတိုင်းကို အတိအကျ အရာထင်စေမယ့် Reporting System
ဆိုင်ရဲ့ အရောင်းအဝယ် အခြေအနေတွေကို ခေါင်းစားနေဖို့ မလိုတော့ပါဘူး။ဘယ်ဟင်းလျာက လူကြိုက်အများဆုံးလဲ၊ စားသုံးသူတွေ တကယ်လိုချင်တာ ဘာလဲဆိုတာကို မျက်ခြေမပြတ် သိရှိစေပြီး၊အလိုအလျောက် ပိုင်းခြားစိတ်ဖြာပေးမှာဖြစ်လို့၊ စားသောက်ဆိုင် လုပ်ငန်းရဲ့ အနာဂတ်ခြေလှမ်းတိုင်းကို ပိုမိုခိုင်မာပြီး စမတ်ကျကျ လျှောက်လှမ်းနိုင်အောင် ကူညီပေးသွားမှာဖြစ်ပါတယ်။
ဆိုင်ရှင်တို့ရဲ့ ဟင်းလျာများကို အကန့်အသတ်မရှိ တင်ပြနိုင်မယ့် နေရာ
လူကြီးမင်းတို့ ဆိုင်မှာ နေ့တိုင်း တကယ့်ကို အားစိုက်ချက်ပြုတ်နေတဲ့ ဟင်းလျာအစုံအလင်ကို ခေတ်မီ Digital System အဖြစ် အလန်းဆုံး ပြောင်းလဲပြီး၊ အခုလို အဖိုးတန်လက်ရာတွေကို အဝေးကနေ တမ်းတမ်းတတ စောင့်မျှော်နေမယ့် ဖောက်သည်တွေနဲ့ ကွက်တိဆုံစည်းနိုင်အောင် MyTogether Team က နောက်ကွယ်ကနေ အစွမ်းကုန် ပံ့ပိုးပေးသွားမှာပါမယ်။
ဖောက်သည်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အော်ဒါတွေကို အလွယ်တကူ ပို့ဆောင်လိုက်ပါ
ဖောက်သည်တွေနဲ့ တိုက်ရိုက် ရင်းရင်းနှီးနှီး စကားပြောဆိုပြီး လူကြီးမင်းတို့ရဲ့ စေတနာပါတဲ့ ဟင်းလျာတွေကို လွယ်လွယ်ကူကူပဲ Delivery ပို့ဆောင်လိုက်ပါ။မြန်မာ့အရသာကို တမ်းတနေသူတွေနဲ့ ဆိုင်ရှင်တို့ကြား ပိုမိုနီးစပ်သွားစေဖို့ ကျွန်တော်တို့အဖွဲ့က အနားကနေ အစွမ်းကုန် အားဖြည့်ပေးသွားပါမယ်။
အခုပဲ MyTogether Teamနဲ့ ချိတ်ဆက်နိုင်ဖို့
MyTogether မိသားစုနဲ့အတူ လူကြီးမင်းတို့ စိုက်ပျိုးထားတဲ့ စီးပွားရေးအိပ်မက်တွေကို ဒီထက်မက ပိုပြီး အောင်မြင်အောင် အတူတကွ ပုံဖော်ကြပါစို့။
LINE Scan ဖတ်ရန်
လက်တွဲလုပ်ဆောင်ကြပါစို့
