MyTogether Teamအကြောင်း

လွယ်ကူချိတ်ဆက်၊ MyTogether App

Community
အဝေးရောက် မြန်မာတို့အတွက်... မြန်မာအချင်းချင်း ဖန်တီးပေးတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ချင်လို့ပါ။

MyTogether Team ဘာကြောင့် စတင်ခဲ့သလဲ

နိုင်ငံရပ်ခြားမှာ နေထိုင်ရတဲ့ အခက်အခဲဆိုတာ ကြုံဖူးမှ နားလည်နိုင်တဲ့ ခံစားချက်မျိုးပါ။ MyTogether Teamကိုယ်တိုင်လည်း တစ်စိမ်းပြင်ပမှာ ရုန်းကန်ရတဲ့အခါ — အိမ်ချက်လက်ရာ မြန်မာ့ဟင်းလေးတစ်ခွက်ကို တမ်းတမိတာ၊ ဗီဇာကိစ္စတွေနဲ့ မျက်စိလည်တာ၊ ငွေလဲလှယ်ဖို့ ယုံကြည်ရတဲ့နေရာ ရှာရတာတွေကစလို့ လူစိမ်း မြို့စိမ်းကြားမှာ အထီးကျန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီလိုအခက်အခဲတွေကို ဖြေရှင်းပေးချင်စိတ်နဲ့ MyTogether Team၏ ကိုယ်တွေ့အတွေ့အကြုံတွေကို အရင်းခံပြီး MyTogether ကို အားသွန်ခွန်စိုက် တည်ဆောက်ခဲ့တာပါ။

တစ်နေရာတည်းမှာ အစုံအလင် ရှာဖွေရလွယ်ကူစေရန် ဖြစ်ပါတယ်

နေ့စဉ်သုံး အက်ပလီကေးရှင်း

MyTogether Teamဟာ မြန်မာစားသောက်ဆိုင်တွေကို ရှာဖွေရလွယ်ကူစေရုံတင်မကဘဲ ပြည်ပရောက် မြန်မာတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီဇာ၊ ငွေလဲနှုန်းနဲ့ အထွေထွေအကူအညီပေးရေး ဝန်ဆောင်မှုများကို စနစ်တကျ စုစည်းပေးထားပါတယ်။

Everyday companion
Real impact
အဝေးရောက် မြန်မာတို့ရဲ့ အားကိုးရာ

အဓိပ္ပာယ်ရှိသော လက်တွဲမှုများ

ထိုင်းရဲ့ လမ်းမတွေပေါ်မှာ ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်နေတဲ့ အခိုက်အတန့်တိုင်းမှာ MyTogether Team ရှိနေပေးချင်ပါတယ်။ အစားအသောက်ကစလို့ လူမှုရေးအခက်အခဲတွေအထိ မြန်မာအချင်းချင်း နားလည်မှုအပြည့်နဲ့ လက်တွဲကူညီရင်း ပိုမိုလှပတဲ့ အနာဂတ်ကို အတူတူ ဖန်တီးကြရအောင်။

ယုံကြည်မှုအပြည့်ဖြင့် အသုံးပြုနိုင်ရန်

စိတ်ချရသော ဝန်ဆောင်မှု

MyTogether ပလက်ဖောင်းပေါ်မှာ ဖော်ပြထားတဲ့ သုံးသပ်ချက်တိုင်းနဲ့ အချက်အလက်တိုင်းဟာ စစ်မှန်တဲ့ စေတနာအပေါ်မှာပဲ အခြေခံထားပါတယ်။ ဆိုင်များနှင့် ချိတ်ဆက်မှုတိုင်းမှာ ပွင့်လင်းမြင်သာမှုရှိပြီး ဘေးကင်းစေရန် အဆင့်မြင့်နည်းပညာများဖြင့် ကာကွယ်ပေးထားပါတယ်။

Safety and security
Growing together
မြန်မာတို့အတွက် မြန်မာတို့ဖန်တီးထားသော အနာဂတ်

အတူတကွ ကြီးထွားခြင်း

အသုံးပြုသူများ၏ အကြံပြုချက်များကို တန်ဖိုးထား၍ MyTogether ကို အစဉ်တစိုက် အဆင့်မြှင့်တင်ပေးနေပါသည်။ မြန်မာအသိုင်းအဝိုင်း၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် MyTogether Team အမြဲရှေ့တန်းကရှိနေမှာပါ။